Jump to content
Shwe Myanmars
Sign in to follow this  
  • entry
    1
  • comments
    0
  • views
    84

စင်္ကာပူမှာ အလုပ်ရှာတဲ့ အကြောင်းလေးတွေ

Group ထဲ စင်္ကာပူမှာ အလုပ်ရှာတဲ့ အကြောင်းလေးတွေ မေးလာတာရှိလို့ အရင်ရေးထားတာလေး တင်ပေးတာပါ

စင်္ကာပူအလုပ်ရှာနေသူများအတွက်ပါ

ဒီရက်ပိုင်းအတွင်း အလုပ်တွေများနေတော့ စာပို့ထားသူတစ်ချို့ကို ပြန်မဖြေနိုင်လို့ အခုလိုတင်ပေးတာပါ။ သိထားပီးသား သူတွေရှိကြမှာပါ။

အလုပ်လာရှာနေသော ညီလေး ညီမလေး တွေက စာတွေပို့ပီး မေးကြတယ်။
အမြဲလိုလိုတွေ့နေရတဲ့ မေးခွန်းတွေက ရောက်တာ နှစ်ပါတ်ရှိပီ ဘာမှမထူးသေးဘူး
အလုပ်လျှောက်တာတွေများ လွှဲနေလို့လား ဘယ်လိုဖြစ်လို့လည်း၊ ဒါနဲ့တစ်ခါတစ်လေ
အားတဲ့အချိန်ကြရင် သူတို့နဲ့ဖုန်းဆက်ပေးပီး ပြောပြပေးပါတယ်။တစ်ချို့တွေကြတော့လည်း
လျှောက်တဲ့ပုံစံတွေမှန်ကြပါတယ်။ တစ်ချို့တွေ ကြတော့လည်း မသိကြသေးဘူး။
အခုသိသလောက်လေးကို တစ်ယောက်ချင်း ပြန်မဖြေနိုင်လို့ အခုလိုရေးတင်ပေးလိုက်တယ်

ပထမဦးဆုံးက ဒီမှာအလုပ်ခေါ်တဲ့ အဓိက Website တွေဖြစ်တဲ့

www.jobstreet.com.sg
www.jobsdb.com.sg
www.indeed.com.sg
www.fastjobs.com.sg
တွေမှာ ကိုယ့်ရဲ့ email account နဲ့ Register ဝင်လုပ်၊ ဖြည့်စရာရှိတာတွေဖြည့်
အသင့်ပြင်ဆင်ထားတဲ့ Resume ကို Upload တင်ပီး၊ ကိုယ်လျှောက်မယ့်Position ကိုရှာ
Apply ကိုနှိပ်ပီးဝင်လျှောက်နေရုံပါပဲ အဓိကက ဒီလိုပဲရှာရမှာပါ။ ဖုန်းထဲမှာလည်း
အဲဒီ Websites ရဲ့ Application လေးတွေ ဒေါင်းထားပီ အလွယ်တကူ လျှောက်နိုင်တယ်

နောက်တစ်ခုကကြတော့ Straits Times နဲ့ Today သတင်းစာတွေမှာလည်း ရှာပီး လျှောက်ရပါမယ်။ Straits Times သတင်း စာပါတဲ့ အလုပ်တွေကိုကြတော့ ST Classifieds
ဆိုတဲ့ Application ကိုသုံးဖုန်းနဲ့ ဖက်လို့ရပါတယ်။ Today သတင်းစာကိုကြတော့ MRT Station တွေ မှာ မနက် ၇ နာရီမှာ အလကားပေးပါတယ်။

နောက်တစ်မျိုးကကြတော့ အလုပ်ခေါ်တဲ့ Company ကို တိုက်ရိုက်ဖုန်းဆက် email တောင်း တာပါ။  website ေတြမွာ ေခၚထားတဲ့ တစ်ချို့တွေက Company နာမည်ပါတက်တယ်
အဲဒီ နာမည်ကို Google မှာ ရှာရင် အဲဒီ Company ရဲ့ email တို့ ဖုန်းနံပါတ်တို့ ရတက်တယ်။ မရရင် လည်းဖုန်းနံပါတ်ကတော့ သေချာပါတယ် အဲဒီနံပါတ်ကို
ဆက်ပီး Email address လေးလိုချင်လို့ပါဆိုပီး တောင်းလို့ရပါတယ်သဘောကောင်းတဲ့ တရုတ်မ
တွေနဲ့ ကြုံရင်ပေးပါတယ် အပေါက်ဆိုးတဲ့ ဟာတွေကြတော့လည်း မပေးပါဘူး။
ရရင်တော့ အမြတ်ပေါ့လေ။ အဲဒါဆို HR ကိုတိုက်ရိုက် ရောက်နိုင်တာပေါ့။

အလုပ်ရှာတာကတော့ ဒီလောက်ဆိုလုံလောက်ပါပီ။
ကျန်တာကတော့ ကိုယ့်ရဲကံနဲ့ပဲဆိုင်ပါတယ်။ ကျနော့်ကိုလာပြောပီး အလုပ်အကူညီလာတောင်းသူ
ကိုလည်း ကူညီချင်ပါတယ်။ MOM က ဝန်ကြီးနဲ့အမျိုး နဲ့တော်ရင်လည်း ကောင်းသား အလုပ်ရှင်တွေကိုပြော
ပေးပါလို့ အလုပ်လာရှာသမျှ မြန်မာနိုင်ငံသားတွေကို အလုပ်ခန့်ပေးပါဆိုပီး။ အလုပ်ရှာနေသူများ
အားလုံးပဲ အဆင်ပြေကံကောင်းကြပါစေ။

Credit : Geo Surveyor

Sign in to follow this  


0 Comments


Recommended Comments

There are no comments to display.

Guest
Add a comment...

×   Pasted as rich text.   Restore formatting

  Only 75 emoji are allowed.

×   Your link has been automatically embedded.   Display as a link instead

×   Your previous content has been restored.   Clear editor

×   You cannot paste images directly. Upload or insert images from URL.

×
×
  • Create New...